Friday, August 22, 2014

Windows နှစ်ခုတင်ထားတဲ့စက်တွေမှာ တစ်ခုကိုဘယ်လို ဖြုတ်မလဲ



18 Aug 12, 07:39 AM
tanyawzinaungaung@gmail.: window7 ပဲ ၂ ခုကြီးဖြစ်နေလို.....၁ ခုကို ထုတ်ပြစ်ချင်ပါတယ်....ဘယ်လို လုပ်၇မလဲ...edit လုပ်တဲ.နေရာ ရှာမတွေ.လို.ပါ......ကျေးဇူးပြုပီး ဖြေကြားပေးပါနော်
ဒီလိုမေးထားတာ ဒါပါနဲ့ဆို သုံးယောက်လောက် ရှိပြီထင်ပါတယ်.. အရင်မေးခဲ့တဲ့သူတွေတုန်းက ပြန်မဖြေဖြစ်ခဲ့ဘူး.. ဘာလို့လဲဆိုတော့ လုပ်စရာတွေများနေလို့ ဒီနည်းကို မစမ်းသပ်ရသေးပဲ ရမ်းသမ်းပြီး မပြောရဲလို့ပါ..။ ဒီနေ့တော့ ကိုယ်တိုင်စမ်းသပ်ပြီးမှ အဆင်ပြေလို့.. (ဒီနေ့တော့ ကျနော့်စက်မှာ ဖြုတ်လိုက်တဲ့ ဝင်းဒိုးကို အသစ်ပြန်တင်ရတော့မှာပါ..) ဒီလုပ်နည်းကို ပြန်လည်မျှဝေလိုက်ပါတယ်.. Windows7 နှစ်ခုပဲ ဖြစ်ဖြစ်၊ သုံးခုပဲဖြစ်ဖြစ် ဒီနည်းနဲ့ ဖြုတ်ပစ်လို့ ရပါတယ်..။ ကျနော့်စက်မှာ Windows8 နဲ့ဆို ဝင်းဒိုးသုံးခု တင်ထားတာပါ..။ အခု ဝင်းဒိုးတစ်ခုပဲ ရှိပါတော့တယ်..။ ဒီနည်းနဲ့ မလုပ်ခင် ကျနော် ဝင်းဒိုးဖွင့်ထားရင်းနဲ့ အထဲက ဝင်းဒိုးရဲ့ Drivers တွေရှိတဲ့နေရာ၊ Partition ခွဲတဲ့ နေရာကနေ ဝင်ပြီး Format ချကြည့်ပါသေးတယ်..။ အဆင်မပြေပါ.. နောက်ထပ်လုပ်လို့ ရမယ်ထင်တဲ့ နေရာတွေကနေ လျှောက်စမ်းကြည့်သေးတယ်..။ မရပါဘူး..။ အခုဒီနည်းကို ကျနော်စဉ်းစားရင်းနဲ့မှ စမ်းသပ်ပြီး အောင်မြင်လို့ ပိုစ့်အဖြစ် ပြန်လည်တင်ပေးလိုက်ပါတယ်..။ မနေ့က Cbox မှာ ရေးခဲ့တဲ့အစ်ကိုနဲ့ တခြား ဒီလိုလုပ်ချင်နေတဲ့ သူများအတွက် အမြန်ဆုံး အဆင်ပြေအောင် ဒီပိုစ့်ကို ဒီနေ့ တင်ပေးလိုက်ပါတယ်..။ လုပ်နည်းကမခက်ပါဘူး.. ဒါပေမယ့် Windows7 ပဲဖြစ်ဖြစ်၊ Windows Vista ပဲဖြစ်ဖြစ်၊ XP ပဲဖြစ်ဖြစ် ဝင်းဒိုးခွေတခွေရှိဖို့ လိုအပ်ပါတယ်..။ အခွေမဟုတ်ရင်လည်း Boot တက်တဲ့ ဝင်းဒိုးခွေ ထည့်ထားတဲ့ USB တချောင်း လိုအပ်ပါတယ်..။ ဒါမှ ဒီနည်းကို အသုံးပြုလို့ ရမှာပါ..။ ဘာလို့လဲဆိုတော့ ဝင်ဒိုးတင်တဲ့ အတိုင်း သွားပြီး Hard Disk ကိုအပိုင်း ခွဲတဲ့နေရာ၊ Format ချတဲ့ နေရာကို ရောက်မှ မိမိတို့ဖျက်ချင်တဲ့ ဝင်းဒိုးရှိတဲ့ Partition အပိုင်းကို ဖျက်ပစ်မှာပါ.. Windows တင်ဖူးတဲ့သူများကတော့ ဒီလောက်ပြောရင်ကိုပဲ လုပ်တတ်နေလောက်ပါပြီ..။ ဝင်းဒိုးမတင်ဖူးသေးတဲ့ သူများနဲ့ တခြားမလုပ်တတ်သေးတဲ့ သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ တဆင့်ချင်းစီ ပြထားပေးပါတယ်..။ လိုအပ်တဲ့ သူများကတော့ အောက်မှာဆက်ကြည့်ပေးပါ..။


ဒီခေါင်းစဉ်လေးနဲ့ ပါတ်သက်ပြီး သိစေချင်တာလေး ၂ခုရှိပါတယ်..။ ပထမတခုက ကွန်ပျူတာ ဝယ်တဲ့အခါ သတိထားဖို့နဲ့ ဒုတိယတခုက Broadband ထဲမှာ ထည့်သုံးတဲ့ အင်တာနက် SIM Card လိုင်း အကြောင်း အနည်းငယ် သိစေချင်တာပါ..။ ကွန်ပျူတာ ဝယ်တဲ့အခါမှာ စက္ကန်းဟန်းပဲဖြစ်ဖြစ်၊ အသစ်ပဲဖြစ်ဖြစ် ဝယ်တဲ့ဆိုင်က ပေးလိုက်တဲ့ အထောက်အထားတခုဖြစ်တဲ့ Receive လက်ခံဖြတ်ပိုင်းကို သေချာသိမ်းထားဖို့ လိုပါတယ်..။ ဒါဟာမိမိတို့ဝယ်လိုက်တဲ့ ပစ္စည်းကို ဆိုင်ကထောက်ခံပေးတဲ့ အထောက်အထားတခုပါ..။

Photoshop ဖြင့် ပါတ်စပို့ပုံရှစ်ပုံ ဖန်တီးခြင်း


ဒီနည်းလေးကို ကျနော်သဘောကျလို့ တင်ပေးလိုက်တာပါ..။ အရင်တုန်းက ဝဘ်ဆိုဒ်တစ်ခုမှာ ဒီလိုပါတ်စပို့ပုံ လုပ်နည်းလေး ရှိခဲ့ဖူးပါတယ်..။ အခုအဲဒီဆိုဒ်က ပြန်ပြင်နေတာ အတော်ကြာနေပါပြီ..။ ဒီနည်းလေးကိုလည်း ကျနော်ဒီစာရေးတဲ့အချိန်ထိ အဲဒီဆိုဒ်မှာ ပြန်ရှာလို့ မတွေ့သေးပါဘူး..။ ဒါကြောင့် ဒီနည်းလေးကို ကျနော်နားလည်သလို ပြန်ပြီးရှင်းပြရင်းနဲ့ တန်ဖိုးရှိတဲ့ နည်းလမ်းလေးတွေ ပျောက်ကွယ်မသွားအောင် ကျနော့်ဆိုဒ်မှာ တင်ပေးလိုက်ပါတယ်..။

CD/DVD ခွေဘယ်လို Burn မလဲ - အခွေမကူးတတ်သေးတဲ့ သူများအတွက် ခွေကူးနည်း လမ်းညွှန်

3 Oct 12, 06:15 PM
ဇော်ဖော်:
အကိုရေ လာလည်သွားတယ်နော် ဟဲဟဲ........ နေကတိုင်းကိုကြည့်ဖြစ်ပါတယ် အကိုဆိုဒ်ကို နည်းပညာတွေ ဒီထက်မက မျှဝေနိုင်ပါစေလို့ ဆုတောင်းပါတယ်အကို vcd/dvd software လေးတစ်ခုနဲ ခွေကူးပုံးလေး တင်ပြပေးပါအုံးအကိုေ
13 Oct 12, 10:52 PM
ဇော်ဖော်:
အကိုရေ ကူညီပါအုံးဗျို့ img software လေးနဲ့  ခွေကူးပုံကူးနည်းလေးတွေ ဖော်ပြပေးပါအုးံးနော် မလုပ်တတ်လို့ပါဗျာ ကူးညီပါအုံး
အစဉ်သဖြင့် ကျနော့် Blog လေးက မသိသေး၊ မလုပ်တတ်သေးတဲ့ ညီအစ်ကို မောင်နှမများ အတွက် ဦးစားပေး၊ ရည်ရွယ်ခဲ့တာပါ.. အခြေခံနည်းပညာလေးတွေကို အားလုံးလုပ်တတ်၊ ကိုင်တတ်ရှိဖို့ ကိုပဲ ရည်ရွယ်ပါတယ်.။ ကွန်ပျူတာကို ကျွမ်းကျင်ပြီးသား သူများအနေနဲ့ ကျနော့် Blog လေးက ရယ်စရာ၊ ကလေးကစားစရာ Blog လေးတခုလို ဖြစ်နေပါလိမ့်မယ်.. ကျနော့်လို Blog မျိုး ရှိကောင်းရှိနိုင်ပါတယ်.. ဒါပေမယ့် ကျနော်ရှာလို့ မတွေ့သေးပါ.. ကျနော် ဆော့ဝဲလ်တခု တင်ပေးလိုက်ရင် အနည်းဆုံးတော့ အကြမ်းမျဉ်း သုံးတတ်အောင် ကျနော်ရှေ့ကနေ လုပ်ပြပေးတာ အကျင့်လိုဖြစ်နေပါပြီ.. အဲ့အတွက် ကျနော် အချိန်တွေ အများကြီးပေးရပါတယ်.. ပုံတွေများရင် များသလို နာရီပေါင်း များစွား

Computer ကိုလေးစေသည့် Windows logs များရှင်းနည်း



ကျနော်တို့ရဲ့ ကွန်ပျူတာမှာ Windows logs များကိုရှင်းပေးဖို့လည်း လိုအပ်ပါတယ်..။ Windows logs များလာရင် စက်ကိုလေးစေပါတယ်..။ ကွန်ပျူတာရဲ့ မောက်စ့်ကို တခါတောက်တိုင်း ကွန်ပျူတာရဲ့ ဦးနှောက်ဟာ တခါလိုက်မှတ်ထားပေးပါတယ်..။ နောက်ပြီး Windows Error တွေနဲ့ ဆော့ဝဲလ် Error တွေအားလုံးကို ကွန်ပျူတာရဲ့ ဦးနှောက်က လိုက်မှတ်ထားပေးပါတယ်..။
အဲလိုလိုက်မှတ်တာများလာတော့ စက်ကအမှားတွေလည်း ပိုများလာပါတယ်..။ ကျနော်တို့က ကွန်ပျူတာဦးနှောက် လိုက်မှတ်ထားတဲ့ ဟာတွေအားလုံးကို ရှင်းပေးလိုက်ခြင်းဖြင့် ကွန်ပျူတာနဲ့ ဦးနှောက်ကို လန်းဆန်းစေပါတယ်..။ စက်ကိုပိုမိုသွက်လက်စေပါတယ်..။