လုပ်ပုံလုပ်နည်းကို အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..။ လုပ်နည်းလွယ်ပေမယ့် ပုံတော့ နည်းနည်းများပါတယ်..။ မသိသေးတဲ့ ညီအစ်ကိုမောင်နှမများကတော့ အောက်ကပုံလေးတွေ ကြည့်ပြီး လေ့ကျင့်ခန်းတခုအနေနဲ့ လိုက်လုပ်ကြည့်လိုက်ပါဗျာ..
ဒီပုံကတော့ ပါတေးရှင်းမခွဲခင် မြင်ရတဲ့ပုံပါ..
ပါတေးရှင်းခွဲဖို့ အရင်ဆုံး Computer မှာ Right Click ထောက်ပါ..။ အောက်ပုံမှာ ပြထားတဲ့အတိုင်း နံပါတ်စဉ်တိုင်း နှိပ်သွားလိုက်ပါ..
ဒါကတော့ မိမိတို့ ပါတေးရှင်းခွဲထုတ်ချင်တဲ့ အပိုင်းပေါ်မှာ Right Click ထောက်ပြီး အောက်ပုံအတိုင်း နှိပ်သွားလိုက်ပါ..။
အပေါ်ပုံလေးအတိုင်း ပေါ်လာရင် ခဏစောင့်ပေးလိုက်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်...
ဒီအဆင့်ကိုရောက်ရင် မိမိတို့ ခွဲထုတ်ချင်သလောက် GB ပမာဏကို ရိုက်ထည့်ပါ..။ အပေါ်ပုံမှာ သူပေးသလောက်ကို ယူရင်လည်းရပါတယ်..။ သူပေးသလောက်ထက် ပိုယူချင်လို့တော့ မရပါဘူး..။ ဒီပုံမှာတော့ သူပေးထားတာများနေလို့ ကျနော်က ရှော့ယူလိုက်ပါတယ်..။ ဒါကြောင့် 50 GB ရအောင် အောက်ကပုံအတိုင်း MB ပမာဏကို ရိုက်ထည့်လိုက်ပါတယ်... ရိုက်ထည့်ပြီးရင်တော့ 6 နေရာကို နှိပ်လိုက်ပါ..
အောက်ပုံအတိုင်း ပါတေးရှင်း အသစ်ထွက်လာတာကို မြင်ရပါလိမ့်မယ်.. ဒါပေမယ့် အသုံးပြုလို့ မရသေးပါဘူး..။ အသုံးပြုလို့ ရအောင် သူ့ကို New Simple Volume လုပ်ပေးရပါမယ်.. ဒါကြောင့် အသစ်ထွက်လာတဲ့ ၄င်းပါတေးရှင်းပေါ်မှာ Right Click ထောက်လိုက်ပါ.. ပြီးရင်တော့ အောက်ကပုံတွေ အတိုင်း ဆက်နှိပ်သွားလိုက်ပါ..
ပေါ်လာတဲ့ ဘောက်စ်တွေမှာ Next ကိုပဲနှိပ်သွားလိုက်ပါ...
ဒီပုံမှာတော့ ပါတေးရှင်းကို မိမိတို့ သဘောကျတဲ့ အက္ခရာလေးတွေ တပ်ပေးလို့ ရပါတယ်..
အပေါ်ပုံ အတိုင်း Finish ပေးလိုက်ရင်တော့ အောက်ပုံအတိုင်း ပါတေးရှင်း အစိမ်းရောင်ကနေ အပြာရောင်ပြောင်းသွားရင် မိမိတို့ ခွဲထုတ်လိုက်တဲ့ ပါတေးရှင်းကို အသုံးပြုလို့ ရသွားပါပြီ...
အောက်ဆုံးပုံမှာ ပြထားတဲ့အတိုင်း Desktop က Computer မှာ Double Click နဲ့ ဖွင့်ကြည့်လိုက်ရင် ပါတေးရှင်းတခု ပေါ်ထွက်လာတာကို တွေ့မြင်ရပါလိမ့်မယ်...
ဒီလောက်ဆိုရင်တော့ ပါတေးရှင်းခွဲတာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
No comments:
Post a Comment